နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံ ခရီး စဉ်အတွင်း တွေ့ဆုံဆွေးနွေးပွဲတွေမှာ အောင်မြင်မှုရခဲ့တယ်လို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင် က ပြောပါတယ်။မတ်လ ၄ ရက် ဒေသစံတော်ချိန် ညပိုင်းက မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ မီဒီယာတွေနဲ့တွေ့ဆုံပွဲမှာ ဗလာဒီမာပူတင်က အခုလို ပြောကြားလိုက်တာပါ။

ရရှိထားတဲ့ရလဒ်တွေကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်အသီးသီးမှာ ဆထက်ထမ်းပိုး ဖွံ့ဖြိုး တိုးတက်လာမယ်လို့ ယုံကြည်ကြောင်းလည်း သမ္မတဗလာဒီမာပူတင်က ပြောပါတယ်။နိုင်ငံတကာမျက်နှာစာမှာ မြန်မာနဲ့ရုရှားပူးပေါင်းဆောင်ရွက်မှုတွေရှိပြီး အရှေ့ပစိဖိတ်ဒေသတွေ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေသလို လုံခြုံရေးနယ်ပယ်မှာလည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး စွမ်းအင်ကဏ္ဍမှာလည်း မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေပြီး ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင် အရင်းအမြစ်တွေတိုးတက်ရေး၊ မြန်မာနိုင်ငံမှာ အသေးစားအဏုမြူဓာတ်အားပေးစက်ရုံ ဆောက်လုပ် ရေးတို့အတွက် သဘောတူညီခဲ့သလို မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတချို့အတွက်လည်း သဘောတူညီခဲ့တာတွေ ရှိတယ်လို့ သမ္မတဗလာဒီမာပူတင်က ပြောပါတယ်။ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားနိုင်ငံ မော်စကိုမြို့ မေ ၉ ရက်မှာ ကျင်းပမယ့် (၈၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို တက်ရောက်ဖို့အတွက် သမ္မတဗလာဒီမာပူတင်က ဖိတ်ခေါ်ခဲ့သလို မြန်မာနိုင်ငံက ကိုယ်စားပြုတပ်ဖွဲ့ကိုလည်း ရင်ပြင်နီချီတက်ပွဲမှာ ပါဝင်ချီတက်စေလိုပါတယ်လို့ သမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။