ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(ဩရိဿမြောက်ပိုင်းကမ်းလွန်)မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် နေပြီး ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနကအသိပေးထုတ်ပြန်ပါတယ်။
ဇွန်လ ၂၉ ရက်နေ့ မနက်(၇)နာရီအချိန် ထုတ်ပြန်တဲ့ ဘင်္ဂလားပင်လယ်အော်အခြေအနေ အသိပေးထုတ်ပြန်ချက်မှာအခုလိုပါရှိတာပါ။

လက်ရှိမှာ အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ ဆိုပါတယ်။ ကပ္ပလီပင်လယ်ပြင်မှာတော့ မုတ်သုံလေ အားအနည်းငယ်ကနေ အားအသင့်အတင့်ရှိနေပြီး ဘင်္ဂလားပင် လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ မိုးတိမ်တောင် တွေဖြစ်ထွန်းနေပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ နောက်(၂)ရက်အတွင်း မိုးပိုလာနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။