(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားတွေကို မတ်လ ၂ ရက်နေ့က တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ် တို့မှာ အသီးသီး ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

အခမ်းအနားတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေ တက်ရောက်ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံက ပေးပို့တဲ့(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ကြပါတယ်။ တောင်သူလယ်သမားနေ့အခမ်းအနားတွေမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာပြခန်းတွေ၊ တောင်သူအသိပညာပေးဆွေးနွေးပွဲတွေ၊ သမဝါယမနဲ့ ကျေးလက် ဒေသဖွံ့ဖြိုးရေး ကဏ္ဍဆိုင်ရာ အုပ်စုဖွဲ့ ဆွေးနွေးတာတွေ၊ စိုက်ပျိုးရေးပညာမျှဝေတဲ့ စကားဝိုင်းတွေလည်း ကျင်းပ ခဲ့ကြတယ်လို့ သိရပါတယ်။