ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-တောင်ကြီးကားလမ်း၊ စပါယ်ရှယ်တောင်အဆင်းမှာ မတ်လ၁ရက် ည၉နာရီဝန်းကျင်က တာချီလိတ်ကနေ မန္တလေးကိုမောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးထိုးကျပြီး ၇ယောက်သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

အဲ့ဒီယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကို ကျိုင်းတုံခရိုင်နဲ့ ကျိုင်းတုံမြို့နယ် မီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပရဟိတအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်ကြောင့် ခရီးသည်၇ယောက်သေဆုံးပြီး ၂၅ယောက် ဒဏ်ရာရသွားကာ သေဆုံးသူရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို တိုင်းနေနာရေးကူညီမှုအသင်း၊ မိဘသွေးလူမှုကူညီရေးအသင်း၊ နှလုံးလှလူမှုကူညီရေးအသင်းတွေက လူနာတင်ယာဉ်တွေနဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ-တိုင်းနေနာရေးကူညီမှုအသင်း