ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၅ ရက်၊ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကနေ သိရပါတယ်၊၊

ဖြစ်စဉ်ကတော့ ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၆ နာရီအချိန်လောက်က ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စက်ဒေါင့်ကြီးကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ် ခဲ့တာလို့ ဆိုပါတယ်၊၊ အဲဒီလေပြင်းကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်(၂)လုံးအမိုးလန်ကာ အိမ်(၁)လုံး နောက်အဖီ အမိုးလန်တာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်၊၊

အခင်းဖြစ်နေရာကို စက်ဒေါင့်ကြီးနယ်မြေမီးသတ် စခန်း မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရ ပါတယ်၊၊