အစ္စရေးစစ်တပ်က အနောက်ဘက်ကမ်းကို အရှိန်မြင့်တိုက်ခိုက်နေတာကြောင့် အဲဒီဒေသမှာရှိတဲ့ ပါလက်စတိုင်း အများအပြား စိုးရိမ်ထိတ်လန့်နေကြတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အစ္စရေးစစ်တပ်ဟာ သီတင်းပတ်နဲ့ချီ စစ်ဆင်နေတဲ့ အနောက်ဖက်ကမ်းဒေသက နေရာတချို့မှာ စစ်ဆင်ရေးတွေ အရှိန်မြှင့်နေပြီး အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကလည်း ရှေ့လာမယ့်နှစ်ထဲအထိ တပ်စွဲထားဖို့ ဖေဖော်ဝါရီ ၂၄ ရက်က ပြောကြားထားပါတယ်။ အပစ်ရပ်စဲရေးကို သဘောတူထားပေမယ့် အစ္စရေးက ဆက်လက်တိုက်ခိုက်နေတာ ကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေကြရတယ်လို့ စစ်ဘေးကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ ပါလက်စတိုင်းအမျိုးသမီး တစ်ယောက်က ပြောပါတယ်။

အစ္စရေးက Jenin စခန်းကို သိမ်းယူဖို့ကြိုးစားနေတာကြောင့် အနောက်ဘက်ကမ်း ပါလက်စတိုင်းတွေဟာ ဂါဇာ လို ပျက်စီးသွားမှာကို ကြောက်ရွံ့စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် တစ်ရက်အကြာမှာ အစ္စရေးဘက်က စစ်ဆင်ရေးကို စတင်ခဲ့ပြီးနောက် ဂျနင်မြို့နဲ့ အနီးအနားရှိ အခြားမြို့တွေမှာ ပါလက်စတိုင်း အနည်းဆုံး ၄၀,၀၀၀ ထက်မနည်း နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါ တယ်။