စစ်ဖြစ်ပွားရာ ဂါဇာကမ်းမြောင်ဒေသအရေး အစ္စရေးနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေပူးပေါင်းပြီး အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဥရောပနိုင်ငံအချို့က ဝေဖန်မှုတွေ ရှိနေပေမဲ့ ဂါဇာအရေးဆွေးနွေးဖို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ဘရပ်ဆဲလ်မြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ရောက်ရှိလာခဲ့တာပါ။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရအပြီးမှာ ဂါဇာကမ်းမြောင် ဒေသ ပြန်လည်တည်ဆောက်ရေးမှာ အဓိက အခန်းကဏ္ဍတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနေတာကြောင့် ဆွေးနွေး တာတွေ ပြုလုပ်ဖို့အတွက် ဘရပ်ဆဲမြို့ကို အစ္စရေးဝန်ကြီး ရောက်ရှိလာတာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ဥရောပ သမဂ္ဂ အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံကာ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးကို အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်း စာနာထောက်ထား မှုအခြေအနေ၊ အစ္စရေး-ပါလက်စတိုင်း ဆက်ဆံရေးနဲ့ ဒေသဆိုင်ရာ အငြင်းပွားဖွယ်တွေကိုလည်း ဆွေးနွေးသွား ကြမှာဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါတယ်။