မြန်မာ့ရိုးရာခြင်းလုံးနဲ့ ခြင်းလုံးအားကစားနည်းကို လာမယ့်(၂၀၂၆)ခုနှစ်အတွင်း ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းတော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။

ယူနက်စကို တင်သွင်းနိုင် ဖို့အတွက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အနေနဲ့ ကော်မတီတွေ ဖွဲ့စည်းထားပြီး အဖွဲ့အလိုက် ခြင်းလုံးနဲ့ပတ်သက် တဲ့ သတင်းအချက်အလက်တွေ စုဆောင်းရှာဖွေတာတွေ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ယူနက်စကို တင်သွင်းမယ့် ခြင်းလုံးအကြောင်းထဲမှာ ခြင်းလုံးခတ်ကစားခြင်းနဲ့ ခြင်းလုံးပစ္စည်းတွေ ပါဝင်မှာဖြစ်ပြီး လာမယ့်နှစ်မှာ တင်သွင်းဖို့ ပြုလုပ်နေတာပါ။ အခုလို တင်သွင်းလိုက်ရင် မြန်မာ့ရိုးရာခြင်းလုံးကို ကမ္ဘာက သိသွား မှာဖြစ်တယ်လို့ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်က ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်က ပြောပါတယ်။

ယူနက်စကို တင်သွင်းတဲ့အခါမှာ မြန်မာတွေ ခြင်းလုံးကစားလာခဲ့တဲ့ ယဉ်ကျေးမှုတွေ၊ ခြင်းလုံးကစားခဲ့တဲ့ အ ထောက်အထားတွေ စတဲ့ ခြင်းလုံးကဏ္ဍအကြောင်းတွေကို တင်သွင်းမှာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ခြင်းလုံးကို အခုနှစ် မတ်လမှာ တင်သွင်းဖို့ စီစဉ်ထားပေမယ့် ရက်နီးကပ်သွားတဲ့အတွက် လာမယ့် (၂၀၂၆)ခုနှစ် မတ်လထဲမှာ တင်သွင်းသွားမဘ်လို့ သိရပါတယ်။