ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းက တောင်ကိုရီးယားမင်းသမီး Kim Sae Ron ကို သူမရဲ့ နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း BBC သတင်းမှာ ရေးသားထားပါတယ်။

ရဲတပ်ဖွဲ့တွေရဲ့ လက်ရှိ စစ်ဆေးမှုအရ ရာဇ၀တ်မှု (သို့မဟုတ်) ပိုင်နက်ကျူးလွန် ရန်ပြုခြင်း ခံရတဲ့ လက္ခဏာ မတွေ့ရှိရဘူးလို့ သိရပါတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးတာကြောင့် မသိရသေးပါဘူး။

Kim Sae Ron ရဲ့ အသိမိတ်ဆွေတစ်ဦးပြောကြားချက်အရ Kim Sae Ron ဟာ အမည် Kim Ah Im လို့ ပြောင်းလဲပြီး ဖျော်ဖြေရေး လှုပ်ရှားမှုတွေနဲ့ သူငယ်ချင်းတွေနဲ့ ကဖေးဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
Kim Sae Ron ဟာ အသက် ၂၅ နှစ်သာ ရှိသေးတဲ့ မင်းသမီးတစ်လက် ဖြစ်ပြီး ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် ဒရာမာတွေမှာ ပါဝင်ခဲ့သူ ဖြစ်တာကြောင့် ပရိသတ်တွေနဲ့ မစိမ်း သူတစ်ဦးလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်ခန့်က သူမဟာ အရက်မူးပြီး ကားမောင်းခဲ့လို့ အမှုရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ သတင်းထွက်ခဲ့ပါသေးတယ်။
ကိုရီးယားနိုင်ငံမှာ အနုပညာရှင်တွေဟာ ခြေလှမ်းလေးတစ်ချက်မှားလိုက်တာနဲ့ နာမည်ပြန်အဖတ်ဆယ်လို့ မရအောင် ကို ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် Boycott လုပ်ခြင်းကိုခံရလေ့ရှိပါတယ်။
ဒါ့ကြောင့် သေဆုံးသွးတဲ့ မင်းသမီး Kim Sae Ron လည်း ကောင်းမွန်တဲ့ ဘ၀ ရောက်ပါစေလို့ MCC ၀ိုင်းတော်သားတွေက ဆုတောင်းပေးထားကြပါတယ်။