ရန်ကုန်-မော်လမြိုင် ခရီးစဉ်ကို စင်းလုံးငှားနဲ့ တစ်ဦးချင်းငှား EV Taxi တွေနဲ့ ဖေဖော်ဝါရီ ၉ ရက်က စတင် ပြေးဆွဲ ပေးနေရာ စီးနင်းသူ ခရီးသည် များပြားတယ်လို့ စွမ်းသူအောင် EV ဂိတ်ကနေ သိရပါတယ်။

ရန်ကုန်-မော်လမြိုင် ခရီးစဉ်အနေနဲ့ တစ်နေ့ကို EV Taxi (၁၀) စီးနဲ့ ပြေးဆွဲပေးနေပြီး ရန်ကုန်-မော်လမြိုင် EV Taxi ယာဉ်စီးခ ဈေးနှုန်းကတော့ ခေါင်းခန်းကို ၆၀၀၀၀ ကျပ်၊ နောက်ခန်းကို ၅၀၀၀၀ ကျပ်နဲ့ တစ်စီးကို ၄ ယောက် သတ်မှတ်ထားပြီး လက်ရှိမှာတော့ ဖေဖော်ဝါရီလ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ ၅၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ စီးနင်းနိုင်တယ်လို့ ဆိုပါတယ်။

EV Taxi ရဲ့ အားသာချက်အနေနဲ့ ခရီးအစအဆုံး အဲကွန်းဖွင့်ပေးတာ၊ ဆူညံသံ မရှိဘဲ သက်သောင့်သက်သာ စီးနင်း နိုင်တဲ့အပြင် အနီးစပ်ဆုံး နေရာတွေကို အိမ်တိုင်ရာရောက် အကြိုအပို့ လုပ်ပေးတာတွေလည်း ရှိတယ်လို့ စွမ်းသူ အောင် EV ဂိတ်ရဲ့ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ဖျာပုံ ရန်ကုန် ဂိတ်မှူး ဦးအောင်မြတ်သူက ပြောပါတယ်။ ဒါ့အပြင် နေပြည်တော်၊ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်နဲ့ ကျိုက်ထီးရိုး စတဲ့ EV Taxi အားသွင်းလို့ အဆင်ပြေမယ့် နေရာတွေကိုလည်း စင်းလုံးငှား ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။