ဂရိလွှတ်တော်ဟာ လွှတ်တော်ဥက္ကဋ္ဌဟောင်း ကွန်စတန်တိန်းတက်ဆိုလက်စ်ကို နိုင်ငံ့သမ္မတအဖြစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရွေးချယ်တင်မြှောက်ခဲ့ပြီး အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ရှေးရိုးစွဲ(ကွန်ဆာဗေးတစ်)တွေ လွှမ်းမိုး ထားတဲ့အစိုးရမှာ လွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့ဖူးသူက ဦးဆောင်ရတော့မှာ ဖြစ်ပါတယ်။ တက်ဆိုလက်စ်ကို သမ္မတ အဖြစ် အမည်စာရင်းတင်သွင်းဖို့ ဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့လက လွှတ်တော်အပြင်ဘက်မှာ စုဝေးဆန္ဒထုတ်ဖော် သူတွေကို ဒေါသထွက်စေခဲ့ပါတယ်။

အဲဒီသူတွေဟာ ၂၀၂၃ ခုနှစ်တုန်းက မီးရထားပို့ဆောင်ရေးဆိုင်ရာ သွေးထွက် သံယိုဖြစ်မှုမှာ တရားမျှတမှုကို ရှာဖွေနေကြသူတွေ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်က တက်ဆိုလက်စ်ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဂရိနိုင်ငံအတွက် အဆိုးရွားဆုံး မီးရထားသံလမ်း ဘေးအန္တရာယ်အတွက် နိုင်ငံရေးဆိုင်ရာတာဝန်အရ စုံစမ်းစစ်ဆေးရေး ပျက်ကွက်ခဲ့တယ်လို့ ဆန္ဒထုတ်ဖော်သူ တွေက အပြစ်တင်ထားကြတာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဟာ နောက်ထပ် နှစ်နှစ်အကြာတဲ့အထိ မပြီးပြတ်နိုင် သေးဘဲ တရားစီရင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတုန်း ဖြစ်ပါတယ်။

ဂရိလွှတ်တော်ဟာ သူတို့နိုင်ငံရဲ့ဥပဒေအရ နိုင်ငံရေးသမားတွေကို စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်ပါတယ်။ တက်ဆိုလက်စ်ဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး အရင်က ဂရိအစိုးရအဖွဲ့မှာ ယဉ်ကျေးမှုဝန်ကြီးနဲ့ လက်ထောက်ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ အသက် ၆၆ နှစ်အရွယ် တက်ဆိုလက်စ်ဟာ ဖေဖော်ဝါရီ ၁၂ ရက်က အမတ်နေရာ ၃၀၀ ရှိတဲ့ လွှတ်တော်ထဲမှာ အမတ် ၁၆၀ ရဲ့ထောက်ခံမှုနဲ့ သမ္မတနေရာကို အနိုင်ရခဲ့သွားခဲ့တာဖြစ်ပါတယ်။ ညီညွတ်ရေးတည်ဆောက်ချင်တဲ့ စိတ်ဓာတ်နဲ့ နိုင်ငံရေးအတွေ့အကြုံ အမြင်ကျယ်စွာနဲ့ လက်ခံတတ်မှုတွေကြောင့် တက်ဆိုလက်စ်ဟာ သမ္မတ အဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရတာဖြစ်ကြောင်း ပြီးခဲ့တဲ့လက ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis က ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။