ဒူဘိုင်းမှာ လာမယ့် ၂၀၂၆ အတွင်း လျှပ်စစ်တက္ကစီလေယာဉ်တွေ စတင်ပျံသန်းပြေးဆွဲတော့မှာဖြစ်ကြောင်း Markets Insider သတင်းမှာ ရေးသားထားပါတယ်။ လျှပ်စစ်တက္ကစီလေယာဉ်တွေဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ မြို့ထဲမှာ ကားလမ်း ပိတ်ဆို့မှုကို လျှော့ချပေးနိုင်သလို အသံဆူညံမှုလည်း နည်းပါးစေမှာ ဖြစ်ပါ တယ်။

ဒူဘိုင်းက Joby S4 တက္ကစီလေယာဉ်ကို ပြသလိုက်ပြီး ဝန်ဆောင်မှုကို ၂၀၂၆ ခုနှစ်မှာ စတင်နိုင်ဖို့ ရည်မှန်း ထားတာပါ။ အဲဒီလျှပ်စစ်တက္ကစီလေယာဉ်တွေဟာ မြေပြင်ကနေ ဝေဟင်၊ ဝေဟင်ကနေ မြေပြင်ကို ဒေါင်လိုက် အတက် အဆင်းပြုလုပ်နိုင်တဲ့ VTOL အမျိုးအစားဖြစ်ပြီး လျှပ်စစ်စွမ်းအင်ကို အသုံးပြုထားပါတယ်။ အားအပြည့် သွင်းထားရင် တစ်နာရီကို ၃၂၂ ကီလိုမီတာ အမြန်နှုန်းနဲ့ ၁၆၁ ကီလိုမီတာအထိ ပျံသန်းနိုင်ပြီး ခရီးသည် ၄ ယောက် ကို သယ်ဆောင်နိုင်ပါတယ်။

တက္ကစီလေယာဉ်ရဲ့ အားသာချက် နောက်တစ်ခုက ခရီးသွားချိန်ကို လျှော့ချပေးနိုင်တာပါ။ ဥပမာ အနေနဲ့ ဒူဘိုင်း နိုင်ငံတကာလေဆိပ်ကနေ Palm Jumeirah ကို ကားနဲ့ သွားရင် ၄၅ မိနစ် ကြာမြင့်ပြီး တက္ကစီလေယာဉ်နဲ့ သွားရင် ၁၂ မိနစ်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒူဘိုင်းမှာ ဒီထက် ပိုအဆင့်မြင့်တဲ့ မောင်းသူမဲ့ လျှပ်စစ်တက္ကစီ လေယာဉ်တွေ ကို လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ခရီးစဉ် အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းမှာ အသုံးပြုဖို့လည်း ရည်မှန်းထားပါတယ်။