ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်းဆောင်ရွက်ဖို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။ဖေဖော်ဝါရီ၁၂ရက်မှာကျရောက်တဲ့ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကိုပေးပို့တဲ့သဝဏ်လွှာမှာ အခုလိုဖော်ပြထားတာပါ။

လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်ချမ်းရေးရရှိဖို့အတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ဖို့ တိုင်းရင်းသားတွေလက်တွဲပူပေါင်ဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်ကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။ပြည်ထောင်စုသားအားလုံးက ပြာ်ထောင်စုစိတ်ဓာတ်၊ ဝံသာနုရက္ခိတတရား၊ ဗြဟ္မစိုရ်တရား၊ စစ်မှန်သောမျိုးချစ်စိတဓာတ်တွေနဲ့ ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။