ပင်တဂွန်စစ်ဌာနချုပ်ရဲ့ စစ်အသုံးစရိတ်တွေကို အီလွန်မတ်စ်ရဲ့ အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေး(DOGE)ကနေ (၂၄)နာရီအတွင်း စစ်ဆေးမှု စတင်တော့မယ်လို့ အမေရိကန်သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။

စစ်ရေးဘက် ကို စစ်ဆေးကြမယ်၊ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်အလွဲသုံးစားလုပ်ထားတာတွေ တွေ့ရမှာဖြစ်ပြီး ဒီလို စစ်ဆေးဖော်ထုတ်ဖို့ လူထုက သူ့ကို မဲပေးတင်မြှောက်ထားတာဖြစ်ကြောင်း ထရမ့်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ တာပါ။

အစိုးရအဖွဲ့အစည်းရဲ့ ဌာနတွေကို ပိတ်သိမ်းဖို့ အီလွန်မတ်စ်က တွန်းအားပေးလုပ်ဆောင်နေမှုတွေ အပေါ် မှာလည်း သမ္မတထရမ့်က ကာကွယ်ပြောဆိုသွားပါတယ်။

အဲဒီလို အစိုးရအဖွဲ့အစည်းထဲက ဌာနတွေကို ပိတ်သိမ်း ဖို့ အားထုတ်မှုကြောင့် ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ကြားက အခုလို အီလွန်မတ်စ်ကို အကာ အကွယ်ပေးနေတာပါ။ သူဟာ ဘာ အကျိုးအမြတ်ရနေတာမှ မဟုတ်ဘဲနဲ့ သူ့ရဲ့အချိန်တွေကို အခုလို ပေးဆပ်နေ တာကိုပဲ အံ့ဩမိတယ်လို့ ထရမ့်က ပြောဆိုပါတယ်။

ဒီမိုကရက်နိုင်ငံရေးသမားတွေကတော့ USAID ကို ပိတ်သိမ်း ပစ်တာမျိုးလို ထရမ့်အစိုးရက ဆောင်ရွက်နေတဲ့ အပြောင်းအလဲတချို့ကနေ အီလွန်မတ်စ်ဟာ ပုဂ္ဂိုလ်ရေး အကျိုး အမြတ်ရနေတယ်လို့ စွပ်စွဲတိုက်ခိုက်နေပါတယ်။