အမျိုးသမီးပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ နစကသတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေမှာ အမျိုးသမီးတွေ စစ်မှုထမ်းဖို့အတွက် အကျုံးဝင်ပေမယ့် အမျိုးသမီး ပြည်သူ့စစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောကြားလိုတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်နေတာမျိုးတွေကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စပ်ရပ်တွေနဲ့ပတ်သက်လို့ မသမာမှုတွေကို သတင်းပေး တိုင်ကြားတာတွေရှိပြီး စုံစမ်းမေးမြန်းတာ၊ အရေးယူတာတွေ ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အမျိုးသားပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၁ ကို ၂၀၂၄ ခုနှစ် ဧပြီလက စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ သင်တန်းအမှတ်စဉ် ၉ အထိ ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။