သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေ မပြည့်မီတာကြောင့် Lay အားလူးကြော်တွေကို ပြန်လည်သိမ်းဆည်းခဲ့ကြောင်း အမေရိကန် အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (US FDA)က သတင်း ထုတ်ပြန်ထားပါတယ်။

Lays အားလူးကြော်မှာ ပါဝင်တဲ့ ပစ္စည်းအချိုးအစားတွေက ကန့်သတ်အရေအတွက်ထက် ၁၃ အောင်စ ပိုများနေတာ ကြောင့် Lay’s Classic Potato အာလူးကြော်တွေကို ပြန်လည်သိမ်းဆည်းခဲ့တာလို ဆိုပါတယ်။ သတ်မှတ်ထားတာထက် အချိုးအဆ ပမာဏများနေတာက နိုနဲ့ဓာတ်မတည့်တာတွေ ဒါမှမဟုတ် ပြင်းထန်တဲ့ ယားယံတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် စားသုံးသူတွေကို ဘေးဥပဒ် မဖြစ်စေဖိုအတွက် အခုလို ပြန်လည် သိမ်းဆည်းခဲ့တာပါ။ ပြန်လည်သိမ်းဆည်းခဲ့တဲ့ ထုတ်ကုန်တွေကိုလည်း တရားဝင် ဝက်ဘ်ဆိုက်တွေမှာ ဖော်ပြထားပါတယ်။

တခြား Lay အာလူးကြော် ထုတ်ကုန်တွေကတော့ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီပြီး ဘေးဥပဒ် ကင်းတယ်လို ကုမ္ပဏီဘက်က ပြောကြားထားပါတယ်။ သတ်မှတ်ဖော်ပြထားတာမရှိတဲ့ နိုနဲ့ပါဝင်ပစ္စည်းတွေကို အသုံးပြုထားတာတွေကြောင့် ပြင်းထန်ဆိုးရွားတဲ့ ကျန်းမာရေးအကျိုးဆက်တွေ ဒါမှမဟုတ် သေဆုံးစေနိုင် လောက်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ် လာမှာကို စိုးရိမ်တာကြောင့် အခုလို အချိန်မီ သိမ်းဆည်းခဲ့ တာဖြစ်တယ်လို အမေရိကန် FDA က ထုတ်ပြန်ထားပါတယ်။