အမေရိကန် အစိုးရရှေ့နေချုပ် ပန်ဘွန်ဒီဟာ တရားရေးဌာနတွင်းက DEI မူဝါဒကျင့်သုံးမှုကို အဆုံးသတ်ဖို့ နဲ့ ပုဂ္ဂလိက ကဏ္ဍတွေမှာလည်း အဲဒီ DEI မူဝါဒတွေကိုဖို့ အမိန့်စာအများအပြား ထုတ်ပြန်လိုက်ပါတယ်။ တရားရေး ဌာနအနေနဲ့ ဌာနတွင်းမှာ မတူကွဲပြားမှု ၊ တန်းတူညီမျှမှု နဲ့ အားလုံးပါဝင်နိုင်မှုအတွက် (DEI) မူဝါဒကို ကျင့်သုံးနေတဲ့အပေါ် ဆန်းစစ်အကဲဖြတ်မှု လုပ်သွားမှာဖြစ်ပါတယ်။

အဲဒီ DEI မူဝါဒကို မြှင့်တင်အကောင်အထည်ဖော်ဖို့ အဖွဲ့အစည်းတွေအနေနဲ့ တရားရေးဌာနရဲ့ ဖယ်ဒရယ်ထောက်ပံ့ကြေးတွေ ရရှိထားတာမျိုး ရှိမရှိဆိုတာကိုလည်း စိစစ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လို ဌာနရဲ့ ဆောင်ရွက်ချက်တွေမှာ DEI ကို ထည့်သွင်းစဉ်းစား လုပ်ဆောင်ခဲ့သလားဆိုတာလည်း စိစစ်သွားမှာပါ။

နောက် အမိန့်စာတစ်ခုမှာ ဘွန်ဒီက တရားရေးဌာနရဲ့ ပြည်သူ့အခွင့်အရေး ဌာနကြီးဟာ ပုဂ္ဂလိက ကဏ္ဍ နဲ့ ဖယ်ဒရယ် ထောက်ပံ့ကြေးတွေ လက်ခံရရှိနေတဲ့ ပညာရေးအဖွဲ့အစည်းတွေမှာ ရှိနေတဲ့ တရားမဝင် DEI နဲ့ DEIA အစီအစဉ်တွေကို စုံစမ်းဖော်ထုတ် ၊ အဆုံးသတ်ကာ အပြစ်ပေးအရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။ DEI ဆိုတဲ့ မူဝါဒဟာ လုပ်ငန်းခွင်ထဲမှာ အသားအရောင် မတူသူတွေ ၊ LEGBT စတဲ့ လူ့အဖွဲ့အစည်းအတွင်း ကိုယ်စားပြုမှု နည်းပါးတဲ့ လူနည်းစုတွေ ရင်ဘောင်တန်း နေထိုင် အလုပ်လုပ်ခွင့်ရစေဖို့ ရည်ရွယ်တဲ့ မူဝါဒဖြစ်ပါတယ်။