မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေကို ဖေဖော်ဝါရီ ၅ ရက်က အမေရိကန်ဒေါ်လာ ၂၃ သန်း ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေကို ဖေဖော်ဝါရီလအစမှာ ပထမဆုံးအကြိမ် အမေရိကန်ဒေါ်လာ တွေ ထုတ်ရောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီ လုပ်ငန်းရှင်တွေ နဲ့ သွင်းကုန်လုပ်ငန်းရှင်တွေအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းမှာ စုစုပေါင်း ဒေါ်လာ သန်း ၁၅၀ ကျော် ထုတ်ရောင်းပေးထားတယ်လို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။