၂၀၂၄ ခုနှစ်အတွက်ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားရဲ့ ဖျော်ဖြေရေးကဏ္ဍမှာ မြန်မာ့ရိုးရာ အတာသင်္ကြန်နဲ့ပတ်သက်တဲ့ ဖျော်ဖြေရေးကဏ္ဍတစ်ခုကို ထည့်သွင်းထားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ကနေသိရပါတယ်။

အခုလို မြန်မာ့ရိုးရာအတာသင်္ကြန်ကဏ္ဍကို ထည့်သွင်းရတာက ယူနက်စကိုက ဒြပ်မဲ့ယဉ်ကျေး မှုအဖြစ် အသိအမှတ်ပြုတာခံရတဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထူးချွန်ဆုချီးမြှင့်ပွဲမှာပါဝင်မယ့် ဖျော်ဖြေရေးကဏ္ဍတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့က တင်ဆက်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်အတွက်ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကိုတော့ ဖေဖော်ဝါရီ ၉ ရက် နေပြည်တော်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။