မန်ယူအသင်းဟာလိုအပ်နေတဲ့ ဘယ်ခြမ်း wing back နေရာအတွက် လက်ချီနောက်ခံလူ ဒေါဂူကို ခေါ်ယူဖို့အတွက် နီးစပ်နေပြီလို့သိရပါတယ်။လက်ချီအသင်းက အသက် ၂၀ အရွယ် ဒိန်းမတ် နောက်ခံလူအတွက် အနိမ့်ဆုံး ယူရို ၂၅ သန်း ရဖို့မျှော်လင့်ထားပြီး မန်ယူအသင်းနဲ့ ဆွေးနွေးမှုတွေကိုရှေ့ဆက်လုပ်ဆောင်နေတယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။

မန်ယူနည်းပြသစ်အမ်မိုရင်ဟာ အသင်းဘယ်ခြမ်းခံစစ် လိုအပ်ချက်ကို ဖြည့်ဖို့ စဉ်းစားထားပြီး ဒေါဂူကို ခေါ်ယူမှု အဆင်မပြေဖြစ်ခဲ့ရင် ဘင်ဖီကာအသင်းကို ရောင်းချထားတဲ့ စပိန်ဘယ်နောက်ခံလူ အယ်ဗာရို ကို ပြန်လည်ခေါ်ယူဖို့ပစ်မှတ်ထားနေပါတယ်။ အယ်ဗာရိုကို မန်ယူအသင်းပြန်ခေါ်မယ်ဆိုရင် ယူရို ၁၈ သန်းနဲ့ ပြန်ခေါ်ခွင့်ရှိတယ်လို့ ရောင်းချကတည်းက သဘောတူညီချက်ထည့်သွင်းထားတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မန်ယူ အသင်းဟာ ဘရာဇီးကွင်းလယ်လူ ကက်စ်မဲရိုးအတွက် ကမ်းလှမ်းမှုတွေကို နားစွင့်နေပါတယ်။

ကက်စ်မဲရိုးဟာ မန်ယူ အသင်းရဲ့နောက်ဆုံး ၁၁ ပွဲမှာ တစ်ပွဲသာ ပွဲထွက်ခွင့်ရထားခဲ့တာဖြစ်ပါတယ်။ မန်ယူ အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ကက်စ်မဲရိုးကို ရိုးမားအသင်းက ရာသီကုန်အထိ အငှားခေါ်ဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။