ဘရူနိုင်းနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ်သွားရောက်ခဲ့တဲ့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေဟာ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက ဘရူနိုင်းနိုင်ငံဘုရင်မင်းမြတ်နဲ့ တွေ့ဆုံပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံကြား ကဏ္ဍစုံမြှင့်တင်ရေး၊ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ပြည်သူအချင်းချင်းဆက်ဆံရေးဆိုင်ရာကဏ္ဍတွေမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက် သွားရေး၊ အာဆီယံအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေဟာ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းက သံတမန်ရပ်ကွက်မှာ အသစ် ဆောက်လုပ်နေတဲ့ မြန်မာသံရုံးဆောက်လုပ်ရေးတည်နေရာကို သွားရောက်ပြီး အုတ်မြစ်သွန်းလောင်းပေးခဲ့ပါ တယ်။ အဲဒီနောက် နှစ်နိုင်ငံ သံတမန်မြေ အပြန်အလှန်လဲလှယ်ရေးသဘောတူစာချုပ်အရ ရရှိထားတဲ့ မြေကွက် သုံးကွက်ထဲက သံရုံးပိုင် မြေနှစ်ကွက်ကို သွားရောက်ကြည့်ရှုပြီး သံရုံးဝန်ထမ်းတွေအတွက် နေအိမ်ဆောက်လုပ် ပေးနိုင်မယ့် အခြေအနေကို လေ့လာခဲ့တယ်လို့ သိရပါတယ်။