မက္ကလာရင်အသင်းရဲ့ ဗြိတိန်ဒရိုင်ဗာ လန်ဒိုနော်ရစ်က ၂၀၂၅ ဖော်မြူလာဝမ်းရာသီမှာ ပြိုင်ဘက်တိုင်းကို အနိုင်ယူ ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။ ၂၀၂၄ ဖော်မြူလာဝမ်းရာသီမှာ ပုံစံကောင်းပြသနိုင်ခဲ့ တဲ့ နော်ရစ်ဟာ ဒရိုင်ဗာ ကမ္ဘာ့ချန်ပီယံဆုရပ်တည်မှုမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဗာစတက်ပန်ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ချန်ပီယံဆုလုပွဲမှာ ဗာစတက်ပန်ကို ရှုံးနိမ့်ခဲ့ရမှုအတွက် အခုထိ နာကျင်ခံစားနေရဆဲဖြစ်ပြီး ၂၀၂၅ မှာတော့ ပိုမိုသန်မာကောင်းမွန်တဲ့ နော်ရစ်ကို မြင်တွေ့ရမှာဖြစ်တယ်လို့ အသက် ၂၅ နှစ်အရွယ် ဗြိတိန် ဒရိုင်ဗာက ပြောသွားခဲ့ပါတယ်။ ၂၀၂၄ ဖော်မြူလာဝမ်းရာသီမှာ ဒုတိယနေရာရခဲ့တာက သူ့ရဲ့ ဒရိုင်ဗာဘဝ အကောင်းဆုံစွမ်းဆောင်မှုဖြစ်ခဲ့ပြီး အခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ရလဒ်မျိုးကို မျှော်လင့်ပြီး ပြင်ဆင်မှုတွေ ပြုလုပ် ထားတယ်လို့ နော်ရစ်က ပြောခဲ့ပါတယ်။

၂၀၁၉ မှာ မက္ကလာရင်အသင်းနဲ့အတူ ဖော်မြူလာဝမ်း ဒရိုင်ဗာဘဝကို စတင်ခဲ့တဲ့ နော်ရစ်ဟာ ကစားသမားဘဝ ဂရင်းပရီပွဲစဉ်နိုင်ပွဲ ၄ ပွဲ ရယူထားပြီး အဲဒီနိုင်ပွဲ ၄ ပွဲစလုံးကို ၂၀၂၄ ဖော်မြူလာဝမ်းရာသီမှာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက္ကလာရင်အသင်းကလည်း အခုနှစ်မှာ လန်ဒိုနော်ရစ် အနေနဲ့ လက်ရှိချန်ပီယံ ဗာစတက်ပန်ကို အကောင်းဆုံးစိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။