စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ ဗီလာအသင်းရဲ့ ဘရာဇီးကွင်းလယ်လူ ဒေါက်ဂလက်လုဇ်ကို ခေါ်ယူဖို့ အတွက် သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဗီလာအသင်းဟာ (၂၀၂၃)ခုနှစ်မှာ ပေါင်(၁၁၉)သန်း ဘဏ္ဍာရေးအရှုံးပေါ်ခဲ့တာကြောင့် အသင်းရဲ့ကစားသမားတွေကို ရောင်းချဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အသင်းရဲ့ ကမ်းလှမ်းချက်ကို သဘောတူခဲ့တာပါ။
ဂျူဗင်တပ်အသင်းဟာ ဒေါက်ဂလက်လုဇ်ကိုခေါ်ယူဖို့ ပေါင်(၂၃.၇)သန်းအပြင် အန်ဇိုဘာရန်နက်ချီယာနဲ့ အိုင်လင်းဂျူနီယာတို့ကို အလိုက်ပေးခေါ်ယူခဲ့ရတာဖြစ်ပါတယ်။
ဒေါက်ဂလက်လုဇ်နဲ့ ဂျူဗင်တပ်အသင်းတို့ဟာ (၂၀၂၉)ခုနှစ်ထိသက်တမ်းရှိတဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ကိုပါအမေရိကဖလား ကစားရမှာဖြစ်တာကြောင့် ဘရာဇီးအသင်းမှာပဲ ဆေးစစ်မှုခံယူသွားမယ်လို့ သိရပါတယ်။