အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။
ဇွန်လ ၂၄ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ Abhay Thakur တို့ တွေ့ ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံရာမှာတော့ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေမှုနဲ့ ဆက်လက်ပူးပေါင်းဆောင် ရွက်နိုင်မယ့် အခြေအနေတွေ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တည်တံ့ရေးနဲ့ နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်တို့ အကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေးကို ဆွေးနွေးပါတယ်။
ဆက်လက်ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေ နည်းပညာပိုင်းဆိုင်ရာနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးနဲ့ ပတ်သက်ပြီးလည်း ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။