လာမယ့်လတွေမှာ လာနီညာဖြစ်ပေါ်နိုင်တဲ့ အခြေအနေပေါ်မှာမူတည်ပြီး ရာသီဥတုအခြေအနေတွေ အပြောင်း အလဲရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
လာနီညာအရှိန်ကြောင့် ရာသီဥတုသက်ရောက်မှုဟာ တဖြည်းဖြည်းပြောင်းလဲလာနိုင်ပြီး ချက်ချင်းတော့ မရောက် လာနိုင်ဘူးလို့ ဆိုပါတယ်။လာနီညာရာသီဥတုဟာ ပုံမှန်ထက် ပိုမိုစွတ်စိုတာ၊ မိုးရွာသွန်းတာ၊ ပူရမယ့်အချိန်တွေမှာ လေအေးတွေ ဝင်လာ တာကြောင့် အေးလာနိုင်တဲ့ ရာသီဥတုပြောင်းလဲမှုတွေရှိလာနိုင်ပြီး အချိန်အခါမဟုတ် မိုးရွာသွန်းတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေကတော့ သတိပြုကြဖို့ လိုအပ်တယ်လို့ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
ဒါ့အပြင် အားပျော့တဲ့ လာနီညာမှာ ဧပြီလအထိ ဆက်လက်ပေါ်ဖြစ်နိုင်တာကြောင့် မြန်မာနိုင်ငံရဲ့ ဆောင်းရာသီ ကာလဟာ ရက်ကြာရှည်နိုင်ပြီး မတ်လဆန်းပိုင်းအထိ အအေးဓာတ် ရရှိနေနိုင်မယ်လို့လည်း ပြင်ပမိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပြောဆိုထားတာ ရှိပါတယ်။