မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၂၅ သန်းကျော်ကို ဇန်နဝါရီ ၁၅ ရက်က FX Market Online Trading Platform ကတစ်ဆင့် ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလို ထုတ်ရောင်းပေးရာမှာ ငွေလဲနှုန်း အမေရိကန်တစ်ဒေါ်လာကို ၃၅၉၂ ကျပ်နှုန်းနဲ့ ရောင်းချ ပေးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါ့အပြင် အဲဒီနေ့မှာပဲ တရုတ်ယွမ်ငွေ ၃ သိန်း ၇ သောင်းနီးပါးကိုလည်း ငွေလဲနှုန်း တစ်ယွမ်ကို ၅၃၉ ဒသမ ၆ ကျပ်နှုန်းနဲ့ ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကလည်း စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန် ဒေါ်လာ ၂၅ သန်း ထုတ်ရောင်းခဲ့ပြီး ဖြစ်ပါတယ်။