အမျိုသမီး မာရသွန် ကမ္ဘာ့စံချိန်ရှင် ကင်ညာနိုင်ငံသူ ချက်ပ်ဂီတစ်ဟာ ဧပြီလထဲမှာကျင်းပမယ့် လန်ဒန်မာရသွန် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
အသက် ၃၀ အရွယ် ချက်ပ်ဂီတစ်ဟာ ၂၀၂၄ ချီကာဂိုမာရသွန်ပြိုင်ပွဲမှာ ၂ နာရီ ၉ မိနစ် ၅၆ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ပြီး မာရသွန်ပြိုင်ပွဲကို ၂ နာရီနဲ့ ၁၀ မိနစ်အောက် ပြေးနိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီးပြိုင်ပွဲဝင် ဖြစ်ခဲ့ပါတယ်။ ချီကာဂိုမာရသွန်ပြိုင်ပွဲ ချန်ပီယံဆုကို ၃ ကြိမ်ရရှိထားတဲ့ ချက်ပ်ဂီတစ်ဟာ အခုနှစ် လန်ဒန်မာရသွန်ပြိုင်ပွဲမှာ သူတင်ထားခဲ့တဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ချက်ပ်ဂီတစ်အနေနဲ့ အခု လန်ဒန်မာရသွန်ပြိုင်ပွဲမှာ အိုလံပစ်မာရသွန်ချန်ပီယံ နယ်သာလန် နိုင်ငံသူ ဟတ်ဆန်၊ လန်ဒန်မာရသွန်ပြိုင်ပွဲ လက်ရှိချန်ပီယံ ကင်ညာနိုင်ငံသူ ဂျက်ချီယာချီယာတို့နဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လန်ဒန်မာရသွန်ပြိုင်ပွဲက ကမ္ဘာပေါ်မှာအကောင်းဆုံး ပြိုင်ပွဲတစ်ခုဖြစ်သလို အမျိုးသမီး တွေရဲ့ သန်မာမှုကိုလည်း သက်သေပြနိုင်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်လို့ ချက်ပ်ဂီတစ်က ပြောကြားခဲ့ပါတယ်။ မာရသွန် ပြိုင်ပွဲတွေအနက် အထင်ကရပြိုင်ပွဲတစ်ခုဖြစ်တဲ့ လန်ဒန်မာရသွန်ပြိုင်ပွဲကို ဧပြီလ ၂၇ ရက်နမှာ ကျင်းပမှာ ဖြစ်ပါတယ်။