ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နောက်(၂)ရက်အတွင်း ညအပူချိန်တွေ အနည်းငယ်လျော့နည်းနိုင်တယ်လို့ မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇန်နဝါရီ(၁၁)ရက် မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်အနေနဲ့ ညအပူချိန်တွေ ထုတ်ပြန် ရာမှာတော့ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ ဇန်နဝါရီလပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းနိုင်တယ်လို့ ဆိုပါတယ်။မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့မှာတော့ ဇန်နဝါရီလပျမ်းမျှအပူချိန်ရဲ့ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့အထက် ပိုနိုင်တယ်လို့ ဆိုပါတယ်။နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာတော့ ဇန်နဝါရီ လပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် ဇန်နဝါရီလဒုတိယ(၁၀)ရက်ပတ်အတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၆ ရက်ကနေ ၉ ရက်ခန့် မနက်ပိုင်းမှာ မြူထူများဆိုင်းနိုင်ပါတယ်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ၃ ရက်ကနေ ၅ ရက်ခန့် မနက်ပိုင်းမှာ မြူထူတွေ ဆိုင်းနိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။