မကွေးတိုင်းဒေသကြီး၊ မင်းဘူးဒေသမှာ ပွင်းလင်းရာသီ ခရမ်းချဉ်သီးပေါ်ချိန်မှာ ဈေးကွက်အတွင်း ဈေးကျ ဆင်းတာတွေ ဖြစ်ပေါ်နေတယ်လို့ ခရမ်းချဉ်စိုက်တောင်သူတွေဆီကနေ သိရပါတယ်။
မင်းဘူးဒေသမှာ ခရမ်းချဉ်သီးကို မိုးရာသီနဲ့ပွင့်လင်းရာသီတွေမှာ နှစ်ကြိမ်စိုက်ပျိုးကြတယ်လို့ ဆိုပါတယ်။ အရင် မိုးရာသီစိုက်ပျိုးမှုမှာတော့ ခရမ်းချဉ်သီးပေါ်ချိန်မှာ တစ်ပိဿာကို ငွေကျပ်(၇၀၀၀) ကျပ်ဝန်းကျင်အထိ ဈေးရရှိခဲ့ တယ်ပါ။ အခုပွင့်လင်းရာသီခရမ်းချဉ်သီးပေါ်ချိန်မှာတော့ တစ်ပိဿာကို ငွေ(၂၀၀၀) ကျပ်ဝန်းကျင်သာ ဈေးရရှိတော့ တယ်လို့ မင်းဘူးမြို့နယ် ကျောက်တန်းကျေးရွာမှ ခရမ်းချဉ်စိုက်တောင်သူဦးအောင်မင်းက ပြောပါတယ်။
စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်တွေက အရင်ကထက် များစွာပိုမိုကုန်ကျခဲ့တာကြောင့် ဈေးထက်မံ ကျဆင်း လာမယ်ဆိုရင် ခရမ်းချဉ်စိုက်တောင်သူတွေ အရှုံးပေါ်ကာ ထိခိုက်လာနိုင်တယ်လို့ ပြောပါတယ်။ မင်းဘူးဒေသမှာ ခရမ်းချဉ်သီးကို ကျောက်တန်းနဲ့ ကျေးမြတ်ကျေးရွာတွေမှာ အများဆုံးစိုက်ပျိုးကြပြီး မကွေးမြို့က ပွဲရုံတွေကို တင်ပို့ကြတယ်လို့ သိရပါတယ်။