မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန ၅၁ ခု ထားရှိ တယ်လို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးက သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကထက် စာစစ်ဌာန ၂ ခု လျော့နည်းခဲ့ပေမယ့် ဝင်ရောက်ဖြေဆိုမယ့်ကျောင်းသားဦးရေကတော့ ပိုများ လာတယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ကောင်းဖို့အတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်ထားတယ်လို့ မကွေးတိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာကျော်စိုးနိုင်က အခုလို ပြောပါတယ်။
မကွေးတိုင်းအတွင်းမှာ အထက်တန်းအဆင့် ကျောင်းပေါင်း ၉၀၀ ကျော်ရှိပြီး အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုမယ့် ကျောင်းသားဦးရေကတော့ ၁၈၀၀၀ ကျော် ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က မကွေးတိုင်းဒေသကြီးရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၆၄ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်လို့လည်း တိုင်းဒေသကြီး ပညာရေးမှူးရုံးက သိရပါတယ်။
လက်ရှိအချိန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးသွင်းထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၂၀၀၀၀ ဝန်းကျင် ရှိပြီး အရင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတုန်းကတော့ စာရင်းပေးသွင်း သူဟာ တစ်သိန်းလေးသောင်းကျော်သာ ရှိခဲ့ပါတယ်။