စျေးနှုန်းအသက်သာဆုံး Generative AI စူပါကွန်ပျူတာတွေကို NVIDIA ကုမ္ပဏီက မိတ်ဆက်လာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ AI စူပါကွန်ပျူတာဆိုတာ ပုံမှန်အားဖြင့် ထောင်ပေါင်းများစွာသော ပရိုဆက်ဆာတွေ၊ အထူးပြုကွန်ရက်တစ်ခုနဲ့ သိုလှောင်မှုပမာဏများစွာပါ၀င်တဲ့ ဟာ့ဒ်ဝဲတွေနဲ့ ဖွဲ့စည်းထားတာပါ။
AI developer တွေ၊ ဂိမ်းဝါသနာရှင်တွေနဲ့ ကျောင်းသားတွေအတွက်ရည်ရွယ်ပြီး အခုလို မိတ်ဆက် လာတာဖြစ်ပြီး ဈေးနှုန်းတွေကတော့ အမေရိကန်ဒေါ်လာ ၂၄၉ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Generative AI ဆော့ဖ်ဝဲ ဂေဟစနစ်ဆိုတာက လျင်မြန်စွာ ပြောင်းလဲနေတာဖြစ်ပြီး ခေတ်မီမော်ဒယ်တွေအတွက်လည်း ပံ့ပိုးပေးနိုင်သလို အသုံးပြုလွယ်ကူမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။
Generative AI စူပါကွန်ပျူတာတွေဟာ ကင်မရာတွေနဲ့ အခြား အာရုံခံကိရိယာတွေအပြင် ဝန်ဆောင်မှုပေးတဲ့ ဘေဘုတ်တွေနဲ့ အခြားထုတ်ကုန်ဖြေရှင်းနည်းတွေအတွက်လည်း ဒီဇိုင်းဝန်ဆောင်မှုများစွာကို ကူညီပေးတယ်လို့ ဆိုပါတယ်။