ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တစ်ခုက အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့တာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ကနဦးတွေ့ရှိထားတဲ့ အချက်အလက်တချို့ကို ကိုးကားပြီး အမေရိကန် တာဝန်ရှိသူ တစ်ယောက်က CNN ကို ပြောလာပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံတစ်ဝန်းမှာ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံး သွားသူ ဒါဇင်များစွာအတွက် ဝမ်းနည်းပူဆွေးခြင်းကာလ သတ်မှတ်ထားပါတယ်။

ဒါဟာ ဗုဒ္ဓဟူးနေ့က အနည်းဆုံး လူ(၃၈)ယောက် သေဆုံးခဲ့ရတဲ့ ခရီးသည်တင်လေယာဉ် ပျက်ကျမှုဖြစ်ခဲ့ပြီး ပထမဆုံးအကြိမ် အမေရိကန်ဘက်က ဆန်းစစ်တွေ့ရှိချက်ကို ထုတ်ပြန်လာတာပါ။ အဇာဘိုင်ဂျန်ခရီးသည်တင်လေယာဉ် J2-8243 ဟာ ကာဇက်စတန် နိုင်ငံ အက်တာ ဒေသအနီးမှာ ပျက်မကျခင် ရုရှားလေကြောင်းရန်ကာကွယ်ရေး စနစ်တစ်ခုက လေယာဉ်ကို ပစ်ခတ်ခဲ့တယ်ဆိုတာကို အချက်တချို့က ညွှန်ပြနေတယ်လို့ အမေရိကန်အရာရှိက ကြာသပတေးနေ့မှာ ပြောပါ တယ်။

အဲဒီစနစ်က သင်္ကေတအမှတ်အသားကို မှားယွင်းဖမ်းယူရရှိတဲ့ ဖြစ်ရပ်မျိုး ဖြစ်နိုင်ကြောင်းလည်း အမေရိကန်တာဝန်ရှိသူက ပြောပါတယ်။ အခုလေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ အဇာဘိုင်ဂျန်၊ ကာဇက် စတန်နဲ့ ရုရှားနိုင်ငံတို့ကတော့ စုံစမ်းစစ်ဆေးမှုတွေ မပြီးသေးခင် ထင်မြင်ချက်ပေးတာမျိုးတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။