မြန်မာနိုင်ငံ ပြည်တွင်း ဆင်ပေါင်ဝဲမြို့အနီးမှာ ဒီဇင်ဘာ ၂၄ ရက်၊ မနက် ၁၂ နာရီ ၂၇ မိနစ် အချိန်လောက်က အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြးမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
နေပြည်တော်မြေငလျင်စခန်းကနေ အနောက်-အနောက်တောင်ဘက် မိုင်(၇၀)ခန့်ကွာဝေးတဲ့ ဆင်ပေါင်ဝဲမြို့ရဲ့ အနောက်တောင်ဘက် (၁၂)မိုင်လောက် အကွာမှာ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၃ အဆင့်ရှိတဲ့ မြေငလျင် လှုပ်ရှားသွားတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာဆိုရင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာ၂၄ ရက်အတွင်း မြေငလျင်လှုပ်ခတ်မှု (၃၈)ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။
မြေငလျင်လှုပ်ရှားတာတွေက အရှေ့ဘက်အခြမ်းဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး အနီးတစ်ဝိုက်ဝန်းကျင်နဲ့ ဧရာဝတီတိုင်းဒေသကြီးဘက်တွေမှာ ဖြစ်ပွားမှုများ တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြးမှုဦးစီးဌာနရဲ့ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။