လာမယ့် ၃ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ ဒေတာစင်တာကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက ၃ ဆနီးပါး မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြောင်း အမေရိကန် Data-Center ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို လုံလုံလောက်လောက် ဖြည့်ဆည်းပေး နိုင်မယ်လို့လည်း ခန့်မှန်းထားကြတာဖြစ်ပါတယ်။
လက်ရှိကာလမှာ စက်မှုလုပ်ငန်း ဉာဏ်ရည်တု အသွင်ကူးပြောင်းမှု အခြေအနေကို ဆောင်ရွက်နေရတာကြောင့် နိုင်ငံရဲ့လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၁၂ ရာခိုင်နှုန်းနီးပါးသာ သုံးစွဲနိုင်သေးတယ်လို့ အမေရိကန်အခြေပြု စွမ်းအင်ဝန်ကြီးဌာနက ပြောကြားထားပါတယ်။နည်းပညာကုမ္ပဏီတွေရဲ့ ဒေတာစင်တာဝယ်လိုအားမြင့်တက်လာမှုက လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခ တွေနဲ့ ရာသီဥတုအပေါ် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။
ခန့်မှန်းချက်တွေအရ ၂၀၂၈ ခုနှစ် မှာ ဒေတာစင်တာတွေရဲ့ နှစ်စဉ် စွမ်းအင်သုံးစွဲမှုပမာဏက ၇၄ ဂီဂါ ကနေ ၁၃၂ ဂီဂါဝပ် အကြား ရှိမယ်လို့လည်း သုံးသပ်မှုတွေ ရှိနေတာပါ။ ဒီအချက်တွေဟာ အမေရိကန်ပြည်ထောင်စုမှာ စွမ်းအင်လိုအပ်ချက် များစွာရှိနေတယ် ဆိုတဲ့အချက်ကို ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေတာစင်တာနေရာတွေမှာ တာရှည်ခံ ဘက်ထရီ သိုလှောင်မှုတည်ဆောက်တာ၊ အသေးစားနျူကလီးယားဓာတ်ပေါင်းဖိုတွေနဲ့ အဆင့်မြင့်ဘူမိအပူဓာတ်တွေလို နည်းပညာအသစ်တွေကို စီးပွားဖြစ် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။