မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတားကို သတ်မှတ်ချိန်အမီ ပြီးစီးရေး တည်ဆောက်သွားဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီး ဦးမျိုးသန့်က မှာကြားပါတယ်။ဒီဇင်ဘာ ၂၂ ရက်က မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေး စီမံကိန်း လုပ်ငန်း တွေကို သွားရောက် ကြည့်ရှုစစ်ဆေးချိန်မှာ ပြောကြားခဲ့တာပါ၊၊
မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတားဟာ မြန်မာနိုင်ငံမှာ တည်ဆောက်ပြီးတဲ့ တံတားတွေအနက် ရေလမ်းကင်းလွတ် အမြင့်အများဆုံး ကြိုးဆိုင်းတံတား တစ်စင်းဖြစ်ပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ် တံတားဘေး ပတ်ဝန်းကျင်ရှိ လူနေအိမ်တွေအတွက် မော်တော်ယာဉ်တွေရဲ့ ဆူညံသံတွေ အနှောင့်အယှက်မဖြစ်စေရေး အသံ ထိန်းနံရံတွေကိုလည်း တံတားတစ်ဖက်တစ်ချက်မှာ တပ်ဆင်ထားတယ်လို့ သိရပါတယ်၊၊
ဒါ့အပြင် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းရေးအဆောက်အအုံတစ်ခု၊ တံတား အသုံးပြုခ ကောက်ခံရေးစခန်းနဲ့ တန်ပိုယာဉ်တွေ ထိန်းသိမ်းကြီးကြပ်ဖို့ Weight Bridge တို့ကိုလည်း ထည့်သွင်း တည် ဆောက်ထားတယ်လို့လည်း သိရပါတယ်၊၊ဒလတံတားစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၅၇ သန်းကျော် အကုန်ကျခံကာ တည်ဆောက်နေတာ ဖြစ်ပြီး တံတားစီမံကိန်းကိုတော့ ၂၀၂၅ ခုနှစ် မကုန်မီ အပြီးတည်ဆောက်ဖို့ လျာထားဆောင်ရွက်နေတာ ဖြစ်တယ်လို့ တံတားဦးစီးဌာနက သိရပါတယ်။