ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းတွေမှာ ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် ထားရှိရမယ့် မီးသတ်ဆေးဘူးတွေ မပါရှိရင် အရေးသွားမယ်လို့ YRTC တွဲဖက်အတွင်း ရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်က YRTC အစည်းအဝေးခန်းမမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။အခုလိုဆောင်ရွက်တာဟာ ယာဉ်အန္တရာယ်လုံခြုံရေးအပြင် မီးဘေးအန္တရာယ်လုံခြုံရေးအတွက်ဖြစ်ပြီး YBS ယာဉ် အားလုံး မီးသတ်ဆေးဘူးတွေ ထားရှိရမှာဖြစ်တယ်လို့ ဦးလျန်ကျင့်မန်က ပြောပါတယ်။
YBS ယာဉ်တွေမှာ မီးသတ်ဆေးဘူးမပါတဲ့အတွက် ယာဉ်မတော်တဆမှုတွေဖြစ်ပွားတဲ့အခါ မီးလောင်ဆုံးရှုံးတဲ့ ဖြစ်စဉ်တွေလည်း အများအပြားရှိခဲ့ပြီး အသက်အန္တရာယ်ပါ ဆုံးရှုံးရတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။