လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတို ဖြေရှင်းနိုင်ဖို့အတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပို ရေးရှင်းက ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေတဲ့ ဓာတ်အား ပေးစက်ရုံတွေရဲ့ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင် စက်အင်အားမှာ (၇၂၇၂) မဂ္ဂါဝပ်ရှိပြီး အဲဒီစက်တွေကို စွမ်းအားပြည့်မောင်းနှင် လည်ပတ်နိုင် ပါက မဂ္ဂါဝပ် ၄၀၀၀ လောက် ထုတ်လုပ်ဖြန့်ဖြူးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။လျှပ်စစ်ဓာတ်အားထုတ်ယူရရှိနိုင်မယ့် စီမံကိန်းတွေကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ပြီး လျှပ်စစ် ဓာတ်အားတွေ ပြည့်ပြည့်ဝဝ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း ပြည်သူတချို့က ပြောပါ တယ်။
အခုကာလမှာတော့ တစ်ရက်ကို ပျမ်းမျှ ၂၄၀၀ မဂ္ဂါဝပ်လောက်သာ ထုတ်လုပ်နိုင်တဲ့အတွက် လိုအပ်ချက် ရဲ့ ၅၅ ရာခိုင်နှုန်းသာ ထုတ်လုပ်ပေးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အခုလို လျှပ်စစ်ထုတ်လုပ်မှုလျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဖျက်ဆီး ခံရတဲ့ လျှပ်စစ် ဓာတ်အားလိုင်းတွေ နဲ့ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဓာတ်အားပေးစက်ရုံတွေကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက် အရ သိရပါတယ်။ဒါ့အပြင် ရေရှည် တိုးတက်သုံးစွဲလာတဲ့ လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ဖို့အတွက် နိုင်ငံရဲ့ အရင်းအမြစ်တွေ ဖြစ်တဲ့ ရေ၊ နေ၊ လေ တို့မှ ထုတ်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။