မန်စီးတီးအသင်းရဲ့နည်းပြ ဂွာဒီယိုလာက လက်ရှိအချိန်မှာ ကြုံတွေ့နေရတဲ့ အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ရလဒ်ကောင်းပြန်ရဖို့အတွက် နည်းလမ်းရှာသွားရမယ်လို့ ဗီလာအသင်းနဲ့ပွဲစဉ်အပြီးမှာ ပြောကြားသွားပါတယ်။
မန်စီးတီးအသင်းဟာ ဗီလာအသင်းနဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၁၂)ပွဲမှာ (၉)ပွဲမြောက်ရှုံးပွဲကို ကြုံတွေ့ခဲ့ရတာပါ။ အခုအချိန်မှာ အသင်းရဲ့ရလဒ်တွေက ဆိုးရွားနေသလို သွင်းဂိုးတွေ ကိုလည်း ခွင့်ပြုနေရတာကြောင့် စိတ်ပျက်မိတယ်လို့ မန်စီးတီးအသင်းရဲ့နည်းပြ ဂွာဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းကို အရင်ကလိုမျိုး ရလဒ်ကောင်းတွေ အမြန်ဆုံးပြန်ရဖို့အတွက် နည်းလမ်းရှာသွားရမယ်လို့ နည်းပြဂွာဒီယိုလာက ဆက်လက်ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဗီလာအသင်းနဲ့ပွဲစဉ်မှာ (၂)ဂိုး၊ (၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်(၁၇)ပွဲကစားပြီးချိန်မှာ (၈)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၆)ပွဲရှုံး၊ ရမှတ်(၂၇) မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၇)နေရာအထိ ရောက်ရှိသွားခဲ့ရပါတယ်။