နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်အောင်၊ စားနပ်ရိက္ခာဖူလုံပိုလျှံအောင် ဘက်ပေါင်းစုံကနေ ကြိုးပမ်းဆောင်ရွက် နေတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ဒီဇင်ဘာ ၂၂ ရက်က ကျင်းပတဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။
နိုင်ငံတော်မှာရှိတဲ့ သီးနှံစိုက်ဧကစုစုပေါင်း ၃၃ သန်းထဲက အရေးကြီးတဲ့သီးနှံတွေကို ဦးစားပေးပြီး ပြည်တွင်း စားနပ်ရိက္ခာဖူလုံမှုရှိစေရေး၊ ပြည်ပကိုတိုးချဲ့ တင်ပို့ရောင်းချနိုင်ရေး နဲ့ သွင်းကုန် အစားထိုးပမာဏ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးတို့ကို ကြိုးစားလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပန်းတိုင်ရည်မှန်းချက်ဟာ အကြိမ်ကြိမ်သုတေသနပြုပြီးမှ ဖော်ထုတ်ထားတာဖြစ်တဲ့အတွက် ပန်းတိုင်ပြည့်မီရေး စနစ်တကျ သုံးသပ်ဆောင်ရွက်သွားရမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားပါတယ်။