အာဆင်နယ်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဆာကာက အာဆင်နယ်အသင်းဟာ အခုဘောလုံးရာသီမှာ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့အသင်းဖြစ်ကြောင်း ယုံကြည်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ(၁၉) ရက်နေ့ကပြုလုပ်တဲ့ ဘီဘီစီသတင်းဌာနနဲ့အင်တာဗျူးမှာ အာဆင်နယ်အသင်းရဲ့ အခုနှစ်အတွင်း ဆုဖလားရယူနိုင် ချေနဲ့ပတ်သက်လို့ ဆာကာက ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ နီးစပ်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ပြန်လည်ပါဝင်ခွင့်ရခဲ့တာကြောင့် အသင်းရဲ့ကစားသမား တွေအတွက် အတွေ့အကြုံကောင်းတွေ ရခဲ့တယ်လို့ ဆာကာက ပြောပါတယ်။ ဒါကြောင့်မလို့ အခုနှစ်မှာ ချန်ပီယံ လိဂ်၊ ပရီးမီးယားလိဂ်ဖလားတွေကို ရယူနိုင်ဖို့အတွက် စိန်ခေါ်နိုင်စွမ်းရှိကြောင်း ယုံကြည်ထားတယ်လို့ ဆာကာက ဆက်လက်ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၃)နေရာ ရပ်တည်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၃)နေရာမှာ ရပ်တည်နေတာကြောင့် (၁၆)သင်း ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ အခွင့်အရေးကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။