ပြိုင်ဘက် Gmail ကို ယှဉ်ပြိုင်ဖို့အတွက် Mail Domain အသစ်တစ်ခုဖြစ်တဲ့ Xmail တစ်ခု ဖန်တီးဖို့ စီစဉ်နေတယ်လို့ Elon Musk ပြောကြားထားတာကို ကိုးကားပြီး Reuters သတင်းမှာ ရေးသားထားပါတယ်။
ပလက်ဖောင်းအသစ်တစ်ခုဖြစ်တဲ့ Xmail ဟာ လက်ရှိမှာ ကောလာဟလတစ်ခုအဖြစ်သာ ထွက်ပေါ်နေမယ့် ဒီဝန်ဆောင်မှုသာ အမှန်တကယ်ဖြစ်လာရင် Gmail အသုံးပြုသူ သန်းပေါင်းများစွာအတွက် သက်ရောက်မှုတွေ သိသိသာသာ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပြောကြားထားပါတယ်။
Musk ရဲ့တီထွင်ဖန်တီးမှုတွေနဲ့ ပေါင်းစပ်ပြီး Xmail ဟာ အမှန်တကယ်အသက်ဝင်လာရင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူသန်းပေါင်းများစွာကို လွှမ်းမိုးလာနိုင်မယ့်အပြင် အွန်လိုင်းပလက်ဖောင်းကို အသုံးပြုပြီး လိမ်လည်သူတွေလည်း ကျဆင်းသွားမှာဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်ထားကြပါတယ်။စကားဝှက်တွေ ဒါမှ မဟုတ် ခရက်ဒစ်ကတ်အသေးစိတ်တွေလို အရေးကြီးတဲ့ အချက်အလက်တွေကို ခိုးယူဖို့ ကြိုးစားနေတဲ့ မသမာသူတွေအတွက်လည်း ကြိုတင်သတိပေးမှုတွေ ပြုလုပ်နိုင်မယ့် အက်ပ်တွေ ထည့်သွင်းပေး သွားမှာဖြစ်တယ်လို့ Elon Musk က ပြောကြားထားပါတယ်။