ဇွန်လ(၁၈)ရက်နေ့က ကစားခဲ့တဲ့ ချက်အသင်းနဲ့ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ပီပီက ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ပေါ်တူဂီအသင်းရဲ့ ဝါရင့်နောက်ခံလူ ပီပီက အခုအချိန်မှာ အသက်(၄၁)နှစ်နဲ့ (၁၁၃)ရက်ရှိနေပြီဖြစ်တာကြောင့် အခုလို စံချိန်သစ်ကို တင်နိုင်ခဲ့တာပါ။
ပီပီက ယူရို(၂၀၁၆)မှာတင်ခဲ့တဲ့ ဟန်ဂေရီဂိုးသမား ခီရာလီရဲ့ အသက်(၄၀)နှစ်နဲ့(၈၆)ရက်စံချိန်ကို ဖြတ်ကျော်နိုင်ခဲ့တာဖြစ်ပြီး ယူရိုပြိုင်ပွဲရဲ့ အသက်အကြီးဆုံး ကစားသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ပီပီဟာ ချက်အသင်းကို (၂)ဂိုး၊ (၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒါးလော့စ်၊ ရူဘင်ဒီယက်ဇ်တို့နဲ့အတူ ပေါ်တူဂီအသင်းရဲ့ နောက်တန်းမှာ ပွဲထွက် ကစားခဲ့တာဖြစ်ပါတယ်။
ပီပီရဲ့ပေါ်တူဂီအသင်းဟာ ယူရို(၂၀၂၄)ပြိုင်ပွဲမှာ ချက်၊ တူကီယဲ၊ ဂျော်ဂျီယာအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။