အာဖရိကအမျိုးသား ကွန်ဂရက် (ANC) နဲ့ သူရဲ့ အဓိက ပြိုင်ဘက် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ တို့ကြား အစိုးရသစ်ဖွဲ့စည်းရေး သဘောတူညီချက်အောက်မှာ လက်ရှိသမ္မတ ဆီရီးလ် ရာမာဖိုဆာဟာ ဒုတိယမြောက် သက်တမ်းကို ထမ်းဆောင်ခွင့်ပြန်လည်ရရှိသွားပါတယ်။ ပါလီမန်အမတ် တွေရဲ့ မဲပေါင်း (၂၈၃) မဲနဲ့ ရာမာဖိုဆာကို သောကြာနေ့မှာ အခုလို ပြန်လည်ရွေးကောက်မြှောက်ခံခဲ့ရတာဖြစ်ပါတယ်။

အခုလို ပြိုင်ဘက် ပါတီကြီး နှစ်ခု ကြားမှာ အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းရေးအတွက် သဘောတူညီမှု ရယူနိုင်တာဟာ ၁၉၈၄ ခုနှစ် အသားအရောင်ခွဲခြားရေးဝါဒ အဆုံးသတ်ပြီးနောက်ပိုင်း တောင်အာဖရိကမှာ အထင်ရှားဆုံး နိုင်ငံအလှည့်အပြောင်းကြီးတစ်ခုဖြစ်ပါတယ်။ ANC ဟာ နှစ်ပေါင်း (၃၀) ကြာ အာဏာကို ရယူထားနိုင်ခဲ့ရာမှာ ပြီးခဲ့တဲ့ မေလ (၂၉) ရက်နေ့တုန်းက ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အများစုအနေအထားကို လက်လွှတ်ခဲ့ရပါတယ်။

ဒီအတွက် ရွေးကောက်ပွဲပြီးတဲ့နောက် အစိုးရဖွဲ့စည်းနိုင်ရေးအတွက် နှစ်ပတ်ကြာ တခြားပါတီတွေနဲ့ ညှိုနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ရပါတယ်။ အထွေထွေရွေးကေက်ပွဲတွေမှာ မရှုံးနိုင်ဘူးလို့ ကာလရှည်ကြာ ရှုမြင်ခံထားရတဲ့ ANC ပါတီဟာ မကြာသေးတဲ့ နှစ်တွေကစပြီး ဆင်းရဲမွဲတေမှု ၊ မညီမျှမှု နဲ့ ရာဇဝတ်မှု ၊ မကြာခဏ ဓာတ်အား ပြတ်တောက်မှု နဲ့ ပါလီထိပ်ပိုင်းအလွှာရဲ့ အဂတိလိုက်စားမှုတို့ကြောင့် လူထုကို စိတ်ပျက်ငြီးငွေ့စေခဲ့ပြီး လူထုထောက်ခံမှု ကိုပါ ဆုံးရှုံးလာခဲ့ရတာဖြစ်ပါတယ်။