ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းက“Kaiser” လိပ်ပြာပုံ(၂၀၀)ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ဒီဇင်ဘာလ(၆)ရက်မှာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှာတွေ့ရှိရတဲ့ လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်း တင်သဘောထားမှတ်ချက်ပြုထားတဲ့ “Kaiser” လိပ်ပြာပုံ စာပို့တံဆိပ်ခေါင်းသစ်ကို ရောင်းချပေးသွားမှာဖြစ် တယ်လို့ ဆိုပါတယ်။
အဲဒီစာပို့တံဆိပ်ခေါင်းသစ်ကို ဒီဇင်ဘာလ(၆)ရက်၊ မနက်(၉)နာရီခွဲ အချိန်ကစတင်ပြီး နေပြည်တော်ဗဟိုစာတိုက် ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိ စာတိုက်ကြီးတွေမှာ တစ်ပြိုင် တည်းရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေးစာတိုက် ကြီးတွေမှာ ဒီဇင်ဘာလ(၆)ရက်ဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေနဲ့ ပထမနေ့စာအိတ်တွေပေါ်မှာ နေ့စွဲအမှတ် အသားတံဆိပ်တွေ ရိုက်နှိပ်ပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိမှာတော့ တံဆိပ်ခေါင်းတွေကို တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိ စာတိုက်တွေမှာ ဝယ်ယူနိုင်ဖို့ ဖြန့်ဝေ ထားရှိပြီးဖြစ်တယ်လို့ သိရပါတယ်။