ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ဆိုင်-မယ်ဟောက်ချောင်းတစ်လျှောက်ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်နိမိတ်အတွင်းက ကျူးကျော်အဆောက်အအုံတွေကို မြန်မာနိုင်ဘက်က နိုဝင်ဘာလ (၂၇) ရက်ကစပြီး စတင်ဖယ်ရှားတာတွေ ဆောင်ရွက်ခဲ့တယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
ကျူးကျော်အဆောက်အအုံတွေကို ဖယ်ရှားဖို့အတွက် မြန်မာငံနဲ့ထိုင်း နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးတာနဲ့ နှစ်နိုင်ငံ နယ်နိမိတ်တိုင်းတာမှုတွေ ပြုလုပ်ပြီး သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်က ကျူးကျော်အဆောက်အအုံတွေရှိတဲ့ တာလော့၊ မယ်ခေါင်နဲ့ ရန်အောင်မြေရပ်ကွက်တွေမှာရှိတဲ့ ကျူးကျော် အဆောက်အအုံ တည်ဆောက်ထားတဲ့ ဒေသခံတွေနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဇော်လွင်ဦး ဦးဆောင်တဲ့အဖွဲ့ဝင်တွေက တွေ့ဆုံအသိပေးကာ ဖယ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီ မယ်ဆိုင်-မယ်ဟောင်ချောင်းကတစ်ဆင့် ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း မြန်မာနိုင်ငံဘက်က ကျူးကျော် ဆောက်လုပ်ထားတဲ့ အဆောက်အအုံ (၃၃)လုံး ဖယ်ရှားတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်ကို ကျူးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အအုံ(၄၅)လုံးကိုလည်း ဖယ်ရှားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။