လက်စတာအသင်းရဲ့ လူငယ်တောင်ပံကစားသမား ဖာတာဝူဟာ နိုင်ငံတကာပွဲစဉ် ကစားနေချိန်အတွင်း ဒဏ်ရာ ရခဲ့တာကြောင့် ရာသီကုန်ထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ အန်ဂိုလာအသင်းနဲ့ပွဲစဉ်မှာ ဂါနာအသင်းရဲ့ ပွဲထွက် ကစားသမားအဖြစ် ကစားပေးခဲ့တဲ့ ဖာတာဝူဟာ ပွဲချိန်အတွင်း ဒူးဒဏ်ရာရခဲ့တာကြောင့် ပထမပိုင်းပွဲအပြီးမှာတင် လူစားလဲခံခဲ့ရတာပါ။
ဖာတာဝူရဲ့ဒဏ်ရာအခြေအနေက ပြင်းထန်တာကြောင့် ရာသီကုန်အထိ အနားယူသွားရဖွယ် ရှိတယ်လို့ လက်စ တာနည်းပြ စတိဗ်ကူးပါးက ပြောပါတယ်။ အသက်(၂၀)အရွယ်သာ ရှိသေးပေမယ့် ဖာတာဝူဟာ အခုဘောလုံး ရာသီမှာ လက်စတာအသင်းအတွက် ခြေစွမ်းပြကစားနေပါတယ်။ အသင်းအတွက် အရေးပါတဲ့ ကစားသမား တွေထဲက တစ်ယောက်ဖြစ်တာကြောင့် အခုလိုဒဏ်ရာရခဲ့တာက စိတ်ပျက်စရာကောင်းတယ်လို့ နည်းပြစတိဗ်ကူး ပါးက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဖာတာဝူဟာ အခုရာသီမှာ လက်စတာအသင်းအတွက် ပရီးမီးယားလိဂ်(၁၁)ပွဲလုံး ကစားပေးခဲ့ပြီး (၂)ဂိုး ဖန်တီး ပေးထားပါတယ်။ လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်ကောင်းရဖို့အတွက် ကြိုးစားနေရတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် ဖာတာဝူဒဏ်ရာရခဲ့တာက အသင်းအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။