မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်အဖြစ် တင်မြှောက်ခံရသူတွေနဲ့ ဖွဲ့စည်းလိုက်တဲ့ သတင်းမီဒီယာကောင်စီ ကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်၊၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို လူ(၂၅)ယောက်နဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်၊၊ အဲဒီဖွဲ့စည်းလိုက်တဲ့ သတင်းမီဒီယာ ကောင်စီမှာ ဥက္ကဋ္ဌအဖြစ် ဒေါက်တာတင်ထွန်းဦး၊ ဒုတိယ ဥက္ကဋ္ဌ (၁)အဖြစ် ဦးခင်မောင်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ (၂)အဖြစ် ဦးခင်မောင်ကျော်ဒင်၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးတင်ကိုကို၊ စာရင်းစစ်အဖြစ် ဦးစိန်တိုး(ဆန်းလင်း)၊ တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် ဦးလှထွဋ်ဦး(ကာတွန်းလှထွဋ်)နဲ့၊ တွဲဖက်အတွင်းရေးမှူး(၂)အဖြစ် ဦးရဲမင်းစိုး(မောင်မောင်ဝတ်လုံ)တို့ပါဝင်ပြီး ကောင်စီဝင်(၁၇)ယောက်တို့နဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မကွေး၌ နွားရှားလာပြီး ဝယ်လိုအားများနေ
မကွေးမြို့နယ်အတွင်းမှာ နွားတွေရှားပါးလာပြီး ဝယ်လိုအားများနေတယ်လို့ နွားအရောင်းအဝယ် လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။မြို့နယ်အတွင်း ကျေးရွာတွေမှာ နွားတွေကိုတစ်ပိုင်တနိုင်စနစ်နဲ့မွေးမြူကြပြီး စားကျက်မြေခက်ခဲမှု၊ လုပ်သားရှားပါးမှုတွေကြောင့်...
ပိုမိုဖတ်ရှုရန်