ကွင်းလယ်လူ ဘန်တန်ကာရဲ့ ၇ ပွဲပယ်ပြစ်ဒဏ်က ပြင်းထန်လွန်းတယ်ဆိုပြီး စပါးအသင်းဘက်က အယူခံဝင်ထား တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လက ဥရုဂွေးရုပ်သံနဲ့ အင်တာဗျူးမှာ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်နဲ့ ပတ်သက်လို့ ဘန်တန်ကာရဲ့ မှတ်ချက်ပြုမှုမှာ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်း ပါဝင်ခဲ့တာဖြစ်ပြီး စက်တင်ဘာ လမှာ တရားစွဲဆိုခံခဲ့ရတာပါ။
စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုတစ်ပတ် အစောပိုင်းမှာ ဘန်တန်ကာ ကို ၇ ပွဲပယ်ပြစ်ဒဏ် ချမှတ် လိုက်တာဖြစ်ပါတယ်။ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘန်တန်ကာ လွဲချော်မယ့်ပွဲတွေထဲမှာ မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီး တို့နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲတွေအပြင် မန်ယူနဲ့ ကစားမယ့် လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲတွေပါ ပါဝင် နေတာပါ။
ဒါကြောင့် စပါးအသင်းဘက်က ဘန်တန်ကာရဲ့ ပွဲပယ်ပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့တာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ် အရေ အတွက် လျော့ဖို့ မျှော်လင့်နေပါတယ်။ ဘန်တန်ကာ ကိုယ်တိုင် ကတော့ သူ့ရဲ့ပြောစကားအပေါ် တောင်းပန်မှု ပြုလုပ်ခဲ့ပြီး သူ့ရဲ့မှတ်ချက်စကားက အရမ်းကို ဆိုးရွားလွန်တဲ့ မှားယွင်းမှုဖြစ်ခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ ဘန်တန်ကာအနေနဲ့ ၇ ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ကြေး ပေါင် ၁ သိန်းနဲ့ ပညာပေးအစီအစဉ်တွေမှာ ပါဝင်သွား ရမှာဖြစ်တယ်လို့ သိရပါတယ်။