စလိုဗေးနီးယားအသင်းကို (၃)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ နော်ဝေလက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
ဟာလန်းဟာ စလိုဗေးနီးယားအသင်းနဲ့ပွဲစဉ်မှာ ပွဲကစားချိန်(၇)မိနစ်နဲ့ (၆၂)မိနစ်တို့မှာ နော်ဝေအသင်းအတွက် သွင်းဂိုးတွေကို သွင်းယူပေးခဲ့တာပါ။
(၂)ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဟာလန်းဟာ နော်ဝေအသင်းအတွက် သွင်းဂိုး(၃၄)ဂိုး ပြည့်မြောက်သွားပြီဖြစ်သလို နော်ဝေအသင်းသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းဟာ နော်ဝေအသင်းရဲ့ နောက်ခံလူဟောင်း ဂျော်ဂျန်ဂျူဗီရဲ့ (၃၃)ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ (၂၀၁၉)ခုနှစ်မှာမှ နော်ဝေလက်ရွေးစင်အသင်းအတွက် ပွဲထွက်ကစားခွင့် ရခဲ့တဲ့ ဟာလန်းဟာ အသက်(၂၄)နှစ်အရွယ်မှာပဲ အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဟာလန်းဟာ မန်စီးတီးအသင်းကို ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ကတည်းက အသင်းရဲ့အဓိကကစားသမားအဖြစ် သွင်းဂိုးတွေကို သွင်းယူပေးနေခဲ့တာဖြစ်ပြီး နော်ဝေအသင်း အတွက်လည်း ခြေစွမ်းပြကစားနေခဲ့တာဖြစ်ပါတယ်။