တုတ်ထောက်ခုန် ကမ္ဘာ့ချန်ပီယံ ဒူပလန်တစ်ဟာ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာကျင်းပတဲ့ ရေခဲပြင်ဟော်ကီကွင်းသစ် ဖွင့်ပွဲကို တက်ရောက်ကူညီပေးခဲ့ပါတယ်။
မြူးနစ်အခြေစိုက် ရေခဲပြင်ဟော်ကီအသင်းတစ်သင်းဖြစ်တဲ့ EHC ရက်ဘူးလ် မြူးနစ်အသင်းရဲ့ အိမ်ကွင်းအသစ်ဖြစ်တဲ့ SAP ဂါးဒင်း ကွင်းဖွင့်ပွဲမှာ အိုလံပစ်ချန်ပီယံ ဆွီဒင်နိုင်ငံသား ဒူပလန်တစ် တက်ရောက်ခဲ့သလို ကွင်းဖွင့်ပွဲအဖြစ် ကစားတဲ့ EHC အသင်းနဲ့ ဘက်ဖဲလိုးအသင်းတို့ သရုပ်ပြပွဲကို လည်း ကြည့်ရှုအားပေးခဲ့ပါတယ်။
ကွင်းသစ်ဖွင့်ပွဲကို ပရိသတ်တွေကွင်းလုံးပြည့် လာရောက်အားပေးခဲ့သလို ဒူပလန်တစ်ကလည်း ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။
သရုပ်ပြပွဲမှာတော့ အမေရိကန် ဟော်ကီလိဂ်ပြိုင်ပွဲဝင် ဘက်ဖဲလိုးအသင်းက EHC အသင်းကို ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး ပွဲအပြီးမှာတော့ ဒူပလန်တစ်နဲ့ နှစ်ဖက်အသင်းသားတွေ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
အခုအသစ်ဖွင့်လှစ်လိုက်တဲ့ ရေခဲပြင်ဟော်ကီ ကွင်းသစ်တည်ဆောက်မှုကို ၂၀၂၁ ဖေဖော်ဝါရီမှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၄ စက်တင်ဘာလကုန်ပိုင်းမှာ အားလုံးပြီးစီးခဲ့တာဖြစ်ပါတယ်။
အခုကွင်းသစ်မှာ ပရိသတ် ၁၁၂၅၀ ဝင်ရောက်ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။